နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၊ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း
news
COVID-19 ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင် လျက်ရှိ
နေပြည်တော်၊ ဇူလိုင် - ၁၂
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင် “လူ့အသက်ထက်အရေးကြီးသည်မှာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည် မှန်သမျှကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်နှင့်ပြည်သူအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို အချိန်နှင့်တပြေးညီ Real Time တိတိကျကျ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက်နှင့်အညီ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီး၌ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် သားများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ အင်တိုက်အားတိုက် ထိထိရောက်ရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးအား တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးအား တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၇ လမ်းနှင့် ၃၄ လမ်းကြားရှိ မြို့နယ် လျှပ်စစ်ရုံးအား ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ် ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အဆိုပါဗုံးမှာ ရုံးရှေ့သို့ ကျရောက်ခဲ့ပြီး ပေါက်ကွဲခြင်းမရှိဘဲ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသည် ဆိုင်ကယ်ဖြင့် ၅၇ လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ၅၇ လမ်းနှင့် ၃၅ လမ်းအရောက်၌ အသင့်တာဝန်ထမ်းဆောင်နေသော လုံခြုံရေးရဲတပ်ဖွဲ့ဝင်အချို့နှင့် အနီး ပတ်ဝန်းကျင်ရှိ အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူလူထုများက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ရာ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ အမျိုးသား ၂ ဦးအနက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ရွှေဟင်္သာလမ်းနေ နေလင်းအောင်(၄၀)နှစ် (ဘ)ဦးဝင်းအောင်အား ၎င်းစီးနင်းလာသည့်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်တူးဘောက် အတွင်းမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ၃ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ၎င်းနှင့်အတူ ပါဝင်သူ လွင်မိုး ဆိုသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ၇/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ ဇူလိုင် - ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၇/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေး သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်အကြောင်း၊ COVID-19 ကပ် ရောဂါအခြေအနေနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပညာရေးဆိုင်ရာ ဆောင် ရွက်ထားရှိမှုကိစ္စရပ်များ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ဆောင်မှုများနှင့် သတင်းအမှားများ၊ ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင် ဆောင်ရွက်ခဲ့သူများနှင့် ပတ်သက်ခဲ့သူများ၏ ထွက်ဆိုချက်များကို PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ရွှေဆိုင်တစ်ဆိုင်အား သေနတ်ပြ၍ ခြိမ်းခြောက် လုယူရန် ကြိုးစားခဲ့သူ ၅ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဖမ်းဆီးခဲ့ရာ လုယူရန်ကြိုးစားခဲ့သူ အမျိုးသား ၁ ဦးအား ပစ္စတိုသေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ CDM ပြုလုပ် နေသူများအား ငွေကြေးထောက်ပံ့သူ အမျိုးသမီး ၁ ဦးနှင့် CDM ပြုလုပ်နေသော ရဲတပ်ဖွဲ့ဝင် ၆ ဦး တို့အား လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇူလိုင် ၁၁
ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၌ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အကြမ်းဖက်ဖောက်ခွဲရေးသမား ၅ ဦးအား လက်လုပ်မိုင်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အသိပေးကြေညာချက်
၁၁/၇/၂၀၂၁
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် Covid 19 ရောဂါကာကွယ်ကုသမှု လုပ်ငန်းစဉ်များအား အထောက်အကူဖြစ်စေရန်အတွက် ဆေးဝါးနှင့် ဆက်စပ်စက်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းစဉ်များအား ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပင်လယ်ရေကြောင်း/ နယ်စပ်ကုန်သွယ်ရေးစခန်းများမှအချိန်နှစ်တပြေးညီခွင့်ပြု ဆောင်ရွက်ပေး လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ချက်
အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း
၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များတည်ရှိရာနေရာ များနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။
နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုကို ထိခိုက်ပျက်ပြားစေရန်နှင့် ၎င်းတို့၏ ဝါဒဖြန့်စည်းရုံးမှုများကို မထောက်ခံသည့် ပြည်သူလူထုအား အကြောက်တရားလွှမ်းမိုးနေစေရန် ရည်ရွယ်၍ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦများကို မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့လူပုဂိ္ဂုလ်များအား ဒလန်အဖြစ်စွပ်စွဲသတ်ဖြတ်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးခံရမှု ကြောင့် PDF အပါအဝင် အခြားအကြမ်းဖက်အဖွဲ့အစည်းအချို့ကို စုဖွဲ့၍ မြို့/ရွာအချို့ အား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။









