news
နေပြည်တော် ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ဟုမ္မလင်းရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဘိုချစ်၏နေအိမ်၌ လက်လုပ်ဗုံးများ စုဆောင်းထားကြောင်း သတင်းအရ ၂-၇-၂၀၂၁ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ရာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော ပြည်သူ့ လွှတ်တော်ဆန္ဒမဲလက်မှတ်စောင်ရေ ( ၅၀ ) ပါ ဆန္ဒမဲလက်မှတ်စာအုပ် ၂ အုပ်နှင့် ဆန္ဒမဲပေး ရာတွင် အသုံးပြုခဲ့သော UEC တံဆိပ်ပါ တံဆိပ်တုံး ၃ ခု သိမ်းဆည်းရမိခဲ့သည်။ ဦးဘိုချစ်မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး သိမ်းဆည်းရမိခဲ့သော ရွေးကောက်ပွဲသုံးပစ္စည်းများကို ဟုမ္မလင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အပ်နှံထားကြောင်း သိရှိရသည်။
နေပြည်တော်၊ ဇူလိုင် ၆
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နေပြည်တော် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သော ဒေါက်တာ ဇော်မြင့်မောင်နှင့်တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်များ အတွင်းရှိ မြို့များ၌ Mask များ သွားရောက်ပေးဝေလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၅
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အခြေခံပညာအထက်တန်း ကျောင်း (အဖျောက်)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက Mask ၇၀၀ ခုကို သွားရောက် ပေးဝေလှူဒါန်းသည်။
ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ လူ(၁၀၀)ဆန့် COVID-19 Quarantine Center ထားရှိရန်အတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၅
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019( COVID-19) ရောဂါကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး ဆောင် ရွက်နေသည့်ကာလအတွင်း COVID-19 ရောဂါ သံသယလူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသစ်များ ထားရှိရန်အတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ လူ(၁၀၀)ဆန့် COVID-19 Quarantine Center ထားရှိ ရန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးရှိ ရဲစစ်ဆေးဆဲ အမှုအချို့မှ အချုပ်သူ၊ အချုပ်သားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်လွတ်ပေးခဲ့သည့်ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်
သတင်းထုတ်ပြန်ချက် (၁၀/ ၂၀၂၁)
အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။


















