ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော် ဩဂုတ်- ၂၉
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၈ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေး ဂိတ်မှ အမျိုးသား ၁၉၂ ဦး၊ အမျိုးသမီး ၁၆၆ ဦး၊ စုစုပေါင်း ၃၅၈ ဦးကို လည်းကောင်း၊ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားမှ အမျိုးသား ၁၆၄ ဦး၊ အမျိုးသမီး ၈၉ ဦး၊ စုစုပေါင်း ၂၅၃ ဦးကို လည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၈၉ ဦး၊ စုစုပေါင်း ၂၀၃ ဦးကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။












