နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ဆေးရုံ ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင်ဖွင့်လှစ်ပွဲတက်ရောက်ဖွင့်လှစ် နေပြည်တော် အောက်တိုဘာ ၂

Saturday, October 2, 2021 - 19:00

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တပ်မတော်ဆေးရုံ ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင်ဖွင့်လှစ်ပွဲတက်ရောက်ဖွင့်လှစ်

နေပြည်တော် အောက်တိုဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ ဓာတ်ရောင် ခြည် ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင် ဖွင့်လှစ်ပွဲအခမ်းအနားအား ယနေ့နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်သည်။

အခမ်းအနားသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် နီလင်းအောင်၊ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင်၊ တပ်မတော်ပါရဂူများနှင့် ဆေးမှူးများ တက်ရောက်ကြ သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာ ရောဂါခွဲစိတ်ကုသဆောင် အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာရောဂါ ခွဲစိတ်ကုသဆောင် ကဗ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ဓာတ်ရောင်ခြည်ကုသ ဆောင်နှင့် ကင်ဆာရောဂါ ခွဲစိတ်ကုသဆောင်အတွင်း စက်ပစ္စည်းများတပ်ဆင် ထားမှုအခြေအနေများအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသလျက်ရှိ သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး  စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်သည်။

ယခုဖွင့်လှစ်သည့် ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာရောဂါခွဲစိတ် ကုသဆောင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း ခရီးစဉ်လာရောက်စဉ် ဓာတ် ရောင်ခြည်နှင့် ကင်ဆာရောဂါခွဲစိတ်ကုသဆောင် (၃)ထပ် ဆောက်လုပ်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ ဓာတ်ရောင်ခြည်ကုသဆောင်နှင့် ကင်ဆာ ရောဂါ ခွဲစိတ်ကုသဆောင် အတွင်းတပ်ဆင်ထားသည့် LA စက်ကြီးမှာ အမေရိကန် နိုင်ငံထုတ် Varian Series Vital Beam ဖြစ်ပြီး ၎င်းနှင့် အတူ 16 Slice CT Simulator တို့အား တွဲဖက်တပ်ဆင်ထားကြောင်းနှင့် ကင်ဆာရောဂါကုသမှုတွင် Multidisplinary Approach ဟုခေါသည့် ကင်ဆာရောဂါ ကုသမှုပါရဂူ၊ ခွဲစိတ်ပါရဂူ၊ ဓာတ်ရောင် ခြည်ပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ နှလုံးပါရဂူ စသည့် ပါရဂူများပါဝင်သည့် Team ဖြင့်ကုသရခြင်းဖြစ်သဖြင့် ယခုအခါ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော် သားများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများအတွက် ကင်ဆာ ရောဂါကုသမှုတွင် အရေးပါသည့် ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာခွဲစိတ်ကုသ မှုများကို အဆင့်မြင့်စွာဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ကင်ဆာလူနာများအား ပြည့်စုံစွာဖြင့် တစ်နေရာတည်းတွင် ပြည့်စုံစွာဖြင့် ကုသဆောင်ရွက်မှု ဆောင်ရွက် ပေးနိုင်တော့မည်ဖြစ်သည်၊ အဆိုပါတပ်မတော်ဆေးရုံတွင် တစ်နှစ်ခွဲတာကာလ အတွင်း ကင်ဆာရောဂါနှင့် ကင်ဆာရောဂါနှင့်ပတ်သက်သည့် ရောဂါများအား ကုသပေးခဲ့မှုအနေဖြင့် အရာရှိ၊ စစ်သည်မိသားစု ၂၄၂ ဦးနှင့် ဒေသခံပြည်သူ ၂၇၆ စုစုပေါင်း ၅၁၈ ဦးအား ကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။