နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
စစ်ဦးစီးတက္ကသိုလ် သင်တန်းသားအရာရှိကြီးများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် အောက်တိုဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ် မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ယနေ့မွန်းလွဲပိုင်း တွင် ကလောတပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် စစ်ဦးစီးတက္ကသိုလ်သင် တန်းသည် တပ်မတော်မှဖွင့်လှစ်သည့် သင်တန်းများတွင် စစ်ဘက်ဆိုင်ရာသင်တန်း များ၌ အမြင့်ဆုံးဖြစ်ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) မှ အရာရှိကြီးများအားလုံး ကို ပေါင်းစု၍ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုနှင့် ဦးဆောင်မှုဆိုင်ရာတို့ကို သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် နိုင်ငံ ရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ ကာကွယ်ရေးအမြင် စသည့် အမြင်(၄) မြင်နှင့်ပတ်သက်၍ သင်ကြားပေးသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ စစ်ဦးစီးတက္ကသိုလ်တွင် တက်ရောက်နေသူများသည် အများအားဖြင့် ခြေလျင် တပ်ရင်းမှူးများဖြစ်ပြီး Commander များဖြစ်ကြကြောင်း၊ Commander များ အဖြစ် တာဝန်ထမ်းဆောင်ရာတွင် တပ်ရင်းတစ်ရင်း၏စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်လုပ်ငန်းရပ်များအား ဆောင်ရွက်ရခြင်းဖြစ်ပြီး တပ်ရင်းတစ်ရင်းကို စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျလေ့လာ၍ ဆောင်ရွက် ပါက တန်ဖိုးမဖြတ်နိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းများကို ရရှိနိုင်မည်ဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း အသုံးချနိုင်မည်ဖြစ်ကြောင်း။
တပ်ရင်းမှူးတစ်ဦး၏ တာဝန်ဝတ္တရားများသည် အလွန်ကျယ်ပြန့်သည့် အတွက် တာဝန်ထမ်းဆောင်ရာတွင် စနစ်ကျနမှုရှိရန်လိုပြီး အမြဲမပြတ်လေ့လာ နေရမည်ဖြစ်ကြောင်း၊ ထို့ပြင် တစ်ဆင့်မြင့်ရာထူး တာဝန်များကို ထမ်းဆောင်ရမည့် အချိန်တွင် လုပ်ဆောင်နိုင်မည့်အရာများ၊ လုပ်ဆောင်သင့်သည်များကို မှတ်စုရေး မှတ်ထားရှိတတ်သည့် အလေ့အကျင့်ကောင်းမွေးမြူရန်နှင့် အမှန်တကယ်တာဝန် ထမ်းဆောင်ရသည့်အချိန်တွင် မိမိမှတ်သားထားသည်များနှင့် ချိန်ထိုးသုံးသပ်လုပ် ဆောင်ပါက အခက်အခဲမရှိတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကြုံတွေ့လာ ရနိုင်သည့် အခက်အခဲများအား မည်သို့မည်ပုံဖြေရှင်းဆောင်ရွက်ရမည်ကို ကြိုတင် စဉ်းစားထားရန်လိုကြောင်း၊ တပ်ရင်းမှူးတာဝန်ကို မူတည်ပြောဆိုခြင်းဖြစ်ပြီး သင်တန်းသားများအနေဖြင့် မိမိတို့ထမ်းဆောင်နေရသည့် လုပ်ငန်းတာဝန်များနှင့် နှိုင်းယှဉ်ဆောင်ရွက်ကြစေလိုကြောင်း။
သင်တန်းဆင်းချိန်တွင် သင်တန်းမှ သင်ကြားပေးလိုက်သည့် အတွေ့အကြုံ များအား အပြည့်အဝအသုံးချရန်လိုကြောင်း၊ စစ်အခြေခံသဘောတရားများကို စာတွေ့၊ လက်တွေ့ ဟန်ချက်ညီ လက်တွေ့အသုံးချရန်လိုကြောင်း၊ အခြား စစ်ပညာ နှင့်ပတ်သက်၍ အခြေခံသင်တန်းများတွင် တက်ရောက်ထားကြသူများဖြစ်ပြီး ယခုသင်တန်းတွင် အသိပညာနှင့် အတတ်ပညာများဖြင့် အတွေ့အကြုံရှိသည့် နည်းပြများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့ အတွေ့အကြုံဖြင့် ယှဉ်၍ သီအိုရီများဖြင့် ပေါင်းစပ်ဆောင်ရွက်ရကြောင်း၊ သင်တန်းမှဆွေးနွေးမှုများမှ တစ်ဆင့် မိမိတို့အနေဖြင့် ဆောင်ရွက်သင့်သည်များကိုစဉ်းစား၍ အပြန်အလှန် ဆွေးနွေး ဆောင်ရွက်ရန်လိုကြောင်း၊ တက္ကသိုလ်ဆိုသည် မှာ စာကျက်ရန်မဟုတ်ဘဲ တွေးခေါ်တတ်စေရန် လေ့ကျင့်ပေးသည့် နေရာတစ်ခုပင်ဖြစ်ကြောင်း၊ သင်ခန်းစာ များ ကို Theory ပိုင်း၊ Principle ပိုင်းအရသာ သင်ကြားပေးခြင်းဖြစ်ပြီး မိမိတို့၏ တွေးခေါ်မြော်မြင်မှု၊ ထိုးထွင်းကြံဆမှုတို့ဖြင့် လက်တွေ့နယ်ပယ်တွင် အောင်မြင် အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကိုလည်း သိရှိနေ ရမည်ဖြစ်ပြီး နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက် လှမ်းနေခြင်းဖြစ်ကြောင်း၊ ထိုလမ်းကြောင်းသည် ပြည်သူကရွေးခြယ်ထားခြင်း ဖြစ်သည့်အတွက် တိုင်းပြည်နှင့် ပြည်သူ ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်အနေဖြင့် မျက်ကွယ်ပြု၍မရဘဲ ခိုင်ခိုင်မာမာဖြစ်တည်ရေး ထိန်းသိမ်း ဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး အတွက် ဖော်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခဲ့ကြောင်း၊ ထို့နောက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရနှင့် လက်တွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ရွေးကောက်ပွဲဥပဒေအချို့ကိုပြင်ဆင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး လုပ်ဆောင်ပေးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ကြီးမားသည့် မဲမသမာမှုများ ဖြစ်ပေါ် ခဲ့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး တပ်မတော်အနေဖြင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံ တော် ၏အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူရန် ကြံစည်ကြိုးပမ်း လာမှုများ ကြောင့် နိုင်ငံတော်အား နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံ တော်၏ တာဝန်အားရယူကာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေ စီ စနစ် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း၊ မဲမသမာမှုဆိုသည်မှာ ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် အလွန်ဆိုးရွားသည့် ဖြစ်စဉ်ဖြစ်ပါကြောင်း။
တပ်တည်ဆောက်ရေးအပိုင်းနှင့် ပတ်သက်၍ စွမ်းရည်စွမ်းအား ရှိသည့် တပ်မတော်ဖြစ်စေရေး အမြဲတမ်းလေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကာ လေ့ကျင့် ရေးပိုင်းတွင်တစ်ဦးချင်းလေ့ကျင့်ရေးမှ အစုအဖွဲ့လေ့ကျင့်ရေးအထိ မှန်မှန်ကန်ကန် ဖြင့် လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစည်းကမ်းလိုက်နာ စောင့်ထိန်းမှု ကောင်းမွန်ရန်လည်း အရေးကြီးကြောင်း၊ တပ်မတော်တွင် အခြေခံ သင်တန်းများ တက်ရောက်ပြီးသည်နှင့် မိမိကိုယ်ကို ထိန်းကြောင်းဆောင်ရွက်ကြ ရပြီး လိုက်နာရန်လိုအပ်သည်များကို လိုက်နာ၍ စောင့်ထိန်းသင့်သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ မိမိကိုယ်ကို ထိန်းသိမ်းသကဲ့သို့ လက်အောက် ငယ်သားများကိုလည်း ထိန်းသိမ်းကာ ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း၊ လက်အောက်၏ လိုအပ် ချက်ကို မိမိဖြေရှင်း၍ရသည့် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းပေးနိုင်ရေး စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပြီး စစ်စည်းကမ်းကောင်းမွန်၍ အုပ်ချုပ်ထောက်ပံ့မှုများ ကောင်းမွန်မည်ဆိုပါက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ကောင်းမွန်ခိုင်မြဲလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အောင်မြင်သည့် ခေါင်းဆောင် ကောင်းများဖြစ်လာစေရေးအတွက် လုပ်ငန်းအောင်မြင်မှုရရှိရန် ကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ပြီး လေ့လာမှုအားကောင်းမှသာလျှင် တွေးခေါ်ကြံဆမှုများ ကောင်း မွန်မည်ဖြစ်သည့်အတွက် မိမိတို့တစ်ဦးချင်းဘဝတိုးတက်ရေးအတွက် လေ့လာ အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထိုသို့ကြိုးစားအားထုတ်ရာတွင် ရည်မှန်း ချက်ထားပြီး ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ထား၍ ကြိုးစား အားထုတ်ရာ၌လည်း မိမိရည်မှန်းချက်ပြည့်မီရေးကို ဆောင်ရွက်ရာတွင် သူတစ် ပါးအပေါ်မထိခိုက်စေဘဲ ရိုးရိုးသားသားဆောင်ရွက်ရန်လိုကြောင်း၊ အလုပ် လုပ်ရာ ၌ ပေါ်လွင်စေလိုသဖြင့် အလုပ် လုပ်ခြင်းမျိုး မဟုတ်ဘဲ ရည်မှန်းချက်ပြီးမြောက် အောင်မြင်အောင်၊ အလုပ်ပြီးမြောက်အောင် ကြိုးစားပမ်းစား အလုပ်လုပ်ခြင်းမျိုး ဖြင့်သာ မိမိဘဝကို တည်ဆောက်သွားကြစေလိုကြောင်း ဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းသား အရာရှိကြီးများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။