news
ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး
နေပြည်တော်၊ မေ ၂၂
ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်ခဲ့ရာတွင် မေလ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ဒီးမော့ဆိုမြို့ရှိ မြို့မရဲစခန်းအား လက်နက်ကိုင်သောင်းကျန်းသူအင်အား ၂၀ ဦး ခန့်က ရဲစခန်းအရှေ့ဘက် ကိုက် ၁၀၀ ခန့်အကွာရှိ ထေရဝါဒတောင်တန်းသာသနာပြု ဘုန်းကြီးကျောင်း အတွင်းမှနေ၍ လက်နက်ငယ်၊ လက်ပစ်ဗုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များမှာ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်စဉ် လက်နက်ကိုင်အကြမ်းဖက်သူ ၃ ဦးအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်စဉ် လက်နက်ကိုင်အကြမ်းဖက်သူ ၃ ဦးအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIA အဖွဲ့က လာရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ တပ်ဖွဲ့ဝင်အချို့ပျောက်ဆုံး
နေပြည်တော်၊ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIA အဖွဲ့က လာရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ တပ်ဖွဲ့ဝင် အချို့ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၂ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIA အဖွဲ့ က ရဲစခန်း၏ရှေ့မျက်နှာစာ၊ ဝဲ/ယာနှင့် နောက်ကျောတို့မှ သာလွန်အင်အား အသုံးပြုကာ လေးဘက်လေးတန်ဝန်းရံပိတ်ဆို့၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် စီးနင်းတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခွဲ အချိန်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် အချို့ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ပျောက်ဆုံးလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ရှာဖွေတွေ့ရှိနိုင်ရေးနှင့် နန်စီပွန်နယ်မြေ ရဲစခန်းအား သာလွန်အင်အားအသုံးပြုကာ လာရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် KIA အဖွဲ့အား ပိတ်ဆို့ချေမှုန်းနိုင်ရေးတို့အတွက် တပ်မတော်စစ်ကြောင်းများနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်
နေပြည်တော်၊ မေ ၂၂
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း CDM လှုပ်ရှားမှုတွင် ဦးဆောင်သူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ မေ - ၂၁




















