COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ ဇူလိုင်- ၉
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
news
နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၉
မြင်းခြံမြို့နယ် ၊ ဂျုပ္ပင်ကျေးရွာ၌ အကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား တရားခံများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင်လ ၉
နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း မှုကို ထိခိုက်ပျက်ပြားစေရန်နှင့် ၎င်းတို့၏ ဝါဒဖြန့်စည်းရုံးမှုများကို မထောက်ခံသည့် ပြည်သူလူထုအား အကြောက်တရားလွှမ်းမိုးနေစေရန် ရည်ရွယ်၍ စာသင်ကျောင်းနှင့် ပညာရေးအဆောက်အဦများကို မိုင်းများဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုဌာနတစ်ခုဖြစ်သည့် မြို့နယ်လျှပ်စစ်ရုံးများအား တိုက်ခိုက်ဖျက်ဆီး ခြင်း၊ အပြစ်မဲ့လူပုဂိ္ဂုလ်များအား ဒလန်အဖြစ်စွပ်စွဲသတ်ဖြတ်ခြင်းများကို ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးခံရမှု ကြောင့် PDF အပါအဝင် အခြားအကြမ်းဖက်အဖွဲ့အစည်းအချို့ကို စုဖွဲ့၍ မြို့/ရွာအချို့ အား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်များအတွင်းရှိ မြို့များ၌ Mask များ သွားရောက်ပေးဝေလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၉
တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ပြင်ပလူနာ နှစ်သိန်းခြောက်သောင်းကျော် ကုသပေးနိုင်ခဲ့
နေပြည်တော်၊ ဇူလိုင် - ၉
တောင်ငူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အား COVID-19 ရောဂါကာကွယ်ရေး ပစ္စည်း များပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၉
နေပြည်တော်၊ ဇူလိုင်- ၈
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေလိုသူ အကြမ်း ဖက် အဖွဲ့များအနေဖြင့် လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှား လျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင် တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှု မရှိဘဲ လုပ်ဆောင်လျက် ရှိသည်။
နေပြည်တော်၊ ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ စာသင်ကျောင်းလုံခြုံရေးအဖွဲ့အား လာရောက် ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကိုင်အကြမ်းဖက်သူအမျိုးသား ၂ ဦးအား လက်နက်ခဲယမ်း များ နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။




















