ရန်ကုန် အောက်တိုဘာ ၆
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့် ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အား တိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန် မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသို လှောင်ခန်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm ဆေးအလုံး ပေါင်း ၂၄၀၀ နှင့် ဆေးထိုးအပ် ၁၂၀၀၀ ကို နေပြည်တော်ကောင်စီနယ်မြေသို့ လည်းကောင်း၊ ဆေးအလုံးပေါင်း ၁၀၀၀၀ နှင့် ဆေးထိုးအပ် ၅၀၀၀၀ ကို မုံရွာ မြို့သို့လည်းကောင်း၊ ဆေးအလုံးပေါင်း ၂၀၀၀၀ နှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ကို ပြည်မြို့သို့လည်းကောင်း၊ ဆေးအလုံးပေါင်း ၄၆၀၀၀ နှင့် ဆေးထိုးအပ် ၂၃၀၀၀၀ ကို မကွေးမြို့သို့လည်းကောင်း Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးမျာဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဖြူးပေးသောကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဉီးတည်အုပ်စုလူဉီးရေ ဉီးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းအတွက်သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများ အတိုင်း အချိန်နှင့်တပြေးညီဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလားတူဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ)ရှိပို့ဆောင်ရေးလေယာဉ်များဖြင့် မြန်မာ့လေကြောင်းတို့ဧ။် အကူအညီ များရယူကာလေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။