တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

Monday, October 11, 2021 - 10:15

 

ရန်ကုန် အောက်တိုဘာ- ၁၀

    ကိုဗစ်-၁၉ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ အား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ တွင် ကျန်းမာရေးစောင့်ရေှာက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက် ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော် လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းမှ ဆေးတစ် လုံးလျှင်လူငါးဦးထိုးနိုင်သော Sinopharm ဆေးများအား မြစ်ကြီးနားမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၂၀၀၀ လုံး၊ လွိုင်ကော်မြို့သို့ကာကွယ်ဆေးအလုံးပေါင်း ၃၆၀၀ လုံး၊ ဆေးထိုးအပ်  ၃၀၀၀၀ ချောင်း၊ ကလေးမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၇၀၀၀ လုံး၊ ထားဝယ်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၁၀၀၀၀ လုံး၊ ဆေးထိုးအပ် ၁၀၀၀၀၀ ချောင်း၊ ကော့သောင်းမြို့ သို့ ကာကွယ်ဆေးအလုံးပေါင်း ၅၆၂၈ လုံး၊ မြိတ်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၁၀၀၈၀ လုံး၊ စစ်တွေမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၇၂၀၀ လုံး၊ သံတွဲမြို့သို့ကာကွယ်ဆေး အလုံးပေါင်း ၁၈၀၀၀ လုံး၊ လားရှိုးမြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၂၄၁၅၀ လုံးနှင့် ကျိုင်းတုံမြို့သို့ ဆေးထိုးအပ် ၅၀၀၀၀ ချောင်းတို့ကို တပ်မတော်လေယာဉ်များဖြင့် လည်းကောင်း၊ ပဲခူးမြို့သို့ ကာကွယ် ဆေးအလုံးပေါင်း ၃၀၀၀၀ လုံးနှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ‌ချောင်း၊ ပြည်မြို့သို့ ကာကွယ်ဆေးအလုံးပေါင်း ၃၆၀၀၀ နှင့် ဆေးထိုးအပ် ၁၀၀၀၀၀ ချောင်းတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးမျာဖြင့် လည်းကောင်း ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

        ထိုသို့ဖြန့်ဖြူးပေးသောကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဉီးရေ ဉီးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက် ခြင်းဖြစ်သည်။ ယင်းအတွက်သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများ အတိုင်း အချိန်နှင့်တပြေးညီဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလားတူဝေးလံခက်ခဲသော ဒေသ များသို့ တပ်မတော်(လေ)ရှိပို့ဆောင်ရေးလေယာဉ်များ၊ မြန်မာ့လေကြောင်းတို့ဧ။် အကူအညီ များရယူကာ လေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။