ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် မကွေးမြို့၊ နယ်မြေခံတပ်မတော် ဆေးရုံတို့၌ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိတပ်ဆင်နေမှု စတင်လည်ပတ် နေမှုအခြေအနေများအားကြည့်ရှု 

Monday, October 11, 2021 - 10:15

 

နေပြည်တော်၊ အောက်တိုဘာ - ၁၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)သို့ ပုသိမ်စက်မှုဇုန်ရှိ Ayeyar wady Development Public Group မှ လှူဒါန်းသော အောက်ဆီဂျင်ထုတ် လုပ်သည့်စက် ရောက်ရှိ တပ်ဆင်နေမှု အခြေအနေများအားလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ စတင်လည်ပတ်နေသည့် Oxygen Plant စက်ရုံအားလည်းကောင်း  သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက  သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။