၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ ၁-၂-၂၀၂၁ ရက်နေ့မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေသတ်မှတ်ပြီး ပုဒ်မ ၄၁၈ (က) အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ပြီးဖြစ်ပါသည်။ ထိုသို့လွှဲအပ်သည့်နေ့မှစ၍ လွှတ်တော် အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေး ဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းထားရမည်ဟု မှတ်ယူ ရမည့်အပြင် လွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာလွှတ်တော်များသည် အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။