ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် စတင်တာဝန်ထမ်းဆောင် လျက်ရှိသည့် နည်းပြ၊ သရုပ်ပြသစ်လွင်များအား တွေ့ဆုံပွဲပြုလုပ်

Wednesday, January 5, 2022 - 14:45

 

နေပြည်တော်၊ ဇန်နဝါရီ - ၅

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် စတင်တာဝန် ထမ်းဆောင်လျက်ရှိသည့် နည်းပြ၊ သရုပ်ပြသစ်လွင်များအား တွေ့ဆုံပွဲကို ယနေ့တွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နည်းပြ၊ သရုပ်ပြသစ်လွင်များတက်ရောက်ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ပညာရေးနှင့်ဆိုင်သော လိုအပ်ချက်များတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ကျိုင်းတုံတက္ကသိုလ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ထောက်ပံ့ချီးမြှင့်ငွေ၊ နှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ကာ ASEAN FESTIVAL 2021 တက္ကသိုလ် များပွဲတော်တွင် ကျိုင်းတုံတက္ကသိုလ်မှ ပထမဆု(၂)ဆု၊ နှစ်သိမ့်ဆု(၁)ဆု ရရှိခဲ့သည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၂ ဦးအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။