မန္တလေးတပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များ အား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး နေပြည်တော်၊ ဇန်နဝါရီ - ၆

Thursday, January 6, 2022 - 15:45

မန္တလေးတပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် နှစ်ခွဲအောက် ကလေးငယ်များ အား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး

နေပြည်တော်၊ ဇန်နဝါရီ - ၆

          မန္တလေးတပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ကလေးငယ် များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

          အဆိုပါ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူ များ၊ ဆရာဝန်များနှင့် သူနာပြုများက ကလေးငယ် ၃၀၇ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ၅ မျိုးစပ် ကာကွယ် ဆေးနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး၊ အသည်းရောင်အသားဝါရောဂါကာကွယ်ဆေးနှင့် ၅ မျိုးစပ်ကာကွယ် ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။