ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း
အောက်တိုဘာ - ၁၈
ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ မကြာခင်ရောက်ရှိ လာတော့မယ့် သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်းနှုတ်ခွန်းဆက်သ မေတ္တာပို့သအပ်ပါတယ်၊ ကျွန်တော်တို့မြန်မာတို့ရဲ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာမှာတော့ နှစ်သစ်ကူးသင်္ကြန်အခါ သမယနဲ့ သီတင်းကျွတ်ပွဲတို့ဟာ အထွဋ်အမြတ်ထားတဲ့ ပွဲများဖြစ်ပါတယ်၊ ကိုဗစ် ကာလမှာ အကြပ်အတည်းများ ရှိနေတဲ့အတွက်ကြောင့် ဒီပွဲအခမ်းအနားတွေကို မလုပ် ဆောင်နိုင်သော်လည်းဘဲ ကျွန်တော်တို့အနေနဲ့ ဒီအခမ်းအနားတွေကို အလေးအနက် ထားပါကြောင်း ပြောကြားလိုတယ်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာပြုလုပ်ခဲ့ တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဲမသမာမှုတွေကြီးမားစွာဖြစ်ပွားခဲ့ တာ မိဘပြည်သူများသိရှိပြီးဖြစ်ပါတယ်၊ ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ ရှက်ဖွယ်ရာ ကောင်း တဲ့မရိုးသားမှုများဟာ တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်စဉ် များဖြစ်ပါတယ်၊ ဒါကိုကျွန်တော်တို့ သင်ခန်းစာယူပြီးတော့မှ နောင်မှာဒီလိုမဖြစ် အောင် ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်၊ ဒီမဲမသမာမှုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို စိစစ်တဲ့အခါမှာ ပြည်သူပြည်သားအားလုံးထိခိုက်တာ တွေရော နိုင်ငံတော်အပေါ်မှာထိခိုက်တာတွေရော ဖော်ထုတ်တွေ့ရှိရပါတယ်၊ ဒါကြောင့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း ကျွန်တော်ပြောကြားလိုပါတယ်။














