စစ်စည်းကမ်းကောင်းမွန်ပြီး အမိန့်နာခံတတ်သည့် တပ်မတော်၏ ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်
နေပြည်တော်၊ အောက်တိုဘာ ၁
တပ်မတော်သားတိုင်းအနေဖြင့် တစ်ဦးချင်းအဆင့်လိုက် နေ့စဉ်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ကျေပွန်အောင် လုပ်ဆောင်နေခြင်းသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ ဆံပင်ပုံစံ မှစ၍ ဖိနပ်ကြိုးစည်းသည်အဆုံး နေထိုင်သွားလာမှု၊ ဝတ်စား ဆင်ယင်မှု၊ စားသောက်မှု ပုံစံ များအားလုံး စည်းကမ်းစနစ်တကျရှိနေခြင်းသည် စစ်သားကောင်း တစ်ယောက်၏ အလေ့အကျင့်ကောင်းများပင်ဖြစ်သည့်အတွက် တစ်ဦးချင်းစည်းကမ်းစနစ်တကျရှိအောင် နေထိုင် ကြရန်နှင့် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲ ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။





























