သန်လျင်တပ်နယ်မှ အသစ်တည်ဆောက်ပြီးစီးခဲ့သော အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်နှင့် အောက်ဆီဂျင်တင်လှည်းများ ပေးအပ်လှူဒါန်း
၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်
news
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အလှူငွေများနှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်း
နေပြည်တော်၊ ဩဂုတ်- ၉
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက် လှူဒါန်းလျက်ရှိသည်။
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ
နေပြည်တော် ဩဂုတ်-၉
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ် ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၈ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၅၀ ဦး၊ အမျိုးသမီး ၁၁၄ ဦး၊ စုစုပေါင်း ၂၆၄ ဦးကိုလည်းကောင်း၊ ယနေ့တွင် မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၂၀ ဦး၊ အမျိုးသမီး ၈၂ ဦး၊ စုစုပေါင်း ၂၀၂ ဦးကို လည်းကောင်း အသီးသီးလက်ခံခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများပြုလုပ်
နေပြည်တော်၊ ဩဂုတ် - ၉
နေပြည်တော်ကောင်စီနယ်မြေအတွင်းဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ လည်းကောင်း၊ ကချင်ပြည်နယ် အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယ အကြိမ်)ကို ယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌လည်း ကောင်း၊ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လည်းကောင်း အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ဆေးထိုးအပ်များမြစ်ကြီးနားမြို့နှင့်ဗန်းမော်မြို့များသို့ တပ်မတော်လေယာဉ် များဖြင့် ဆက်လက်ပို့ဆောင်
နေပြည်တော်၊ သြဂုတ် - ၉
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောက်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှု့ရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျှက်ရှိရာ ၄င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလ်လှေင်အခန်းတွင် တားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharmများနှင့်ဆေးထိုးအပ်များအား သတ်မှတ် အအေးလမ်ကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ.နံနက်ပိုင်းတွင် တပ်မတော်လေယာဉ် ရဟတ်ယာဉ်တို့ဖြင့် မြစ်ကြီးနားမြို့နှင့်ဘန်းမော်မြို့များသို့ပို့ဆောင်ပေးသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်တံတား ပြိုကျပျက်စီးမှုနှင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့်နေရာများအား ပြန်လည်ပြုပြင်ခြင်းနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဩဂုတ် - ၉
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့၊ ရေကျော်အုပ်စု၊ သင်္ကန်းကျေးရွာနှင့် မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ဆင်မှုံကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်သစ်တားတံတားသည် ဩဂုတ် ၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ရာ ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ပြန်လည် ပြုပြင်ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ ဩဂုတ်- ၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ကောလင်းမြို့၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်နှင့် နမ့်ခန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်နေသူများအား အစွန်း ရောက်အကြမ်းဖက်သမားများက လက်ပစ်ဗုံးများ၊ ဗုံးပစ်လောင်ချာများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်
နေပြည်တော်၊ ဩဂုတ် ၉
နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ နိုင်ငံတစ်ဝှမ်းအချိန်နှင့် တစ်ပြေးညီထိုးနှံပေး၍ ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့နှံ့မှုအား လျော့ကျစေရေးအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ အစွန်းရောက်အကြမ်းဖက်သမားများ အနေဖြင့် လူသားချင်းစာနာထောက်ထားမှုနှင့် ကပ်ရောဂါဖြစ်ပွားနေမှုအပေါ် မျက်ကွယ် ပြု၍ ရောဂါထိန်းချုပ် နိုင်ရေးကူညီဆောင်ရွက်လျက်ရှိသည့် နေရာများကိုပါ ဦးတည် တိုက်ခိုက်မှုများအား ရက်စက် ယုတ်မာစွာ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့်ရရှိလာသည့် သင်ခန်းစာများ၊ အတွေ့အကြုံများကို သင်ခန်းစာယူ၍ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်လာပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်မည်ဖြစ်
နေပြည်တော်၊ ဩဂုတ် - ၉
လက်ရှိအခြေအနေများအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျသွားသော်လည်း ပေါ့ဆစွာဖြင့် နေထိုင်သွားလာလုပ်ဆောင်မှုများကို မလုပ်ဆောင်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့်ရရှိလာသည့် သင်ခန်းစာများ၊ အတွေ့အကြုံများကို မေ့လျော့မသွားကြစေလိုဘဲ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်ပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်မည် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်း အစည်းအဝေးပြုလုပ်
နေပြည်တော်၊ ဩဂုတ် - ၉
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား သည်။




















