ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်
နေပြည်တော်၊ စက်တင်ဘာ - ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ လားရှိုးခရိုင်စီမံ အုပ်ချုပ်မှုအဖွဲ့ဉက္ကဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန် ထမ်းများ တက်ရောက်ကြသည်။


















