news

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် (၁၄)ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်
နေပြည်တော် ဩဂုတ် ၆
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၄)ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (14th Mekong-Japan Foreign Ministers Meeting)သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်

နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁၅၀၀ နာရီတွင် video conference ဖြင့် ကျင်းပပြုလုပ်သည့် အာဆီယံ-အီးယူ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက် ခဲ့သည်။ 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဟောင်း မိုင်တိုင်အမှတ်           (၉၀/၂-၁)ကြား ကျောက္ကလပ်တံတားအနီး၌ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်တစ်စီး မိုင်းခွဲခံရ

နေပြည်တော်၊ ဩဂုတ် ၆

             နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ အား ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းအပြင် လတ်တလော ကျန်းမာရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စိတ်စေတနာပြည့်ဝစွာဖြင့် အနစ်နာခံပေးဆပ်လုပ်ကိုင်လျက် ရှိသော စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များကိုလည်း နည်းမျိုးစုံဖြင့် ဦးတည်တိုက်ခိုက် လာသည်ကို တွေ့ရှိရသည်။

ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည် ဖြစ်သဖြင့် ဆက်သွယ်သတင်းပို့နိုင်ရန် အသိပေးကြေညာခြင်း

နေပြည်တော်၊ ဩဂုတ် - ၆

တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုး လှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် ဆူပူဆန္ဒပြခြင်းများ၊ ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုများကြောင့် အရေးယူခံရမည်ကို စိုးရိမ်ခဲ့ပြီး တိမ်းရှောင်နေကြကြောင်း တွေ့ရှိရပါသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် ဩဂုတ် ၅
    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အရေးတကြီး လိုအပ်လျှက်ရှိသော  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေစခန်းများမှ တင်သွင်းရာတွင်  အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများဖြေ လျှော့ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းကုန် လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်းများကို SOP နှင့်အညီ ကူညီဆောင်ရွက် ပေးလျှက်ရှိပြီး စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ နေ့စဉ်ဆောင်ရွက်ပေးလျှက်ရှိ သည်။
    အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာလေကြောင်း၊ ရေကြောင်းဆိပ်ကမ်းများအပြင် တရုတ် နိုင်ငံ ကုန်သွယ်ရေးစခန်းများသာမက ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုန်သွယ်ရေး စခန်းများမှ တင်သွင်းနိုင်ရေး သံတမန်လမ်းကြောင်းမှ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။    

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ  အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်၊ 
အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်

အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၀၇၃၀ နာရီမှစတင်၍  video conference ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးကို နိုင်ငံ ခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကနေဒါနိုင်ငံခြားရေး ဝန်ကြီး Honourable Marc Garneau တို့မှ သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များ နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
နေပြည်တော် သြဂုတ်လ   ၅     ရက်
    နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်းနှင့် ဒုတိယမြို့တော်ဝန်ဟောင်း တာဝန်များထမ်းဆောင်ခဲ့ သော ဦးရဲမင်းဦး ၏ ဆောင်ရွက်ချက်များနှင့် နေပြည်တော်မြို့မဈေး၌ မီဒီယာစင်တာ ဆောက်လုပ်ခြင်းတို့နှင့် ပတ်သက်၍ အဂတိလိုက်စားမှုများအပေါ် စိစစ်ဖော်ထုတ် ပေးနိုင်ပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။ 

တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM ဆေးကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန့်ဖြူး
နေပြည်တော် ဩဂုတ် ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး SINOPHARM ဆေးကို  ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မ လမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း၌ထားရှိရာ အဆိုပါဆေးပစ္စည်းများကို  Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ
နေပြည်တော် ဩဂုတ် ၅
    ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ် ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၄ ရက်နှင့် ယနေ့ တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၂၂၂ ဦး၊ အမျိုးသမီး ၁၇၄ ဦး၊ စုစုပေါင်း ၃၉၆ ဦး တို့ကိုလည်းကောင်း၊  ချင်းရွှေဟော်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၆ ဦး တို့ကိုလည်းကောင်း၊ မြဝတီမြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၂၄ ဉီး၊ အမျိုးသမီး ၈၀ ဉီး၊ စုစုပေါင်း ၂၀၄ ဉီး တို့ကို လည်းကောင်း အသီးသီး လက်ခံ ခဲ့ကြသည်။ 

စစ်ကိုင်းမြို့၊ သီတဂူအာယုဒါနသံဃာ့ဆေးရုံ၌ သံဃာတော်များနှင့် သာသနာနွယ် ဝင်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး 
နေပြည်တော်၊ ဩဂုတ်- ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ သီတဂူအာယုဒါနသံဃာ့ဆေးရုံ၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက ဩဂုတ် ၄ ရက်တွင် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကြသည်။