နေပြည်တော် နိုဝင်ဘာ ၂
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း တို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် ဒေါပုံမြို့နယ်နှင့် လှိုင်မြို့နယ်များတွင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ရေးနှင့် ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော တရားခံများ သင်္ဃန်းကျွန်း မြို့နယ်၊ နနွင်းကုန်း ရပ်ကွက်၊ ဣစ္ဆာသယလမ်း၊ သုမင်္ဂလာအိမ်ရာ၊ ၃ လွှာ၊ အခန်း (၃၀၁)၊ တိုက်အမှတ်(၁)၌ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နိုင်ရဲထွန်း (၂၉)နှစ်၊ လင်းထက်ဆန်း (၃၁)နှစ်၊ နန္ဒအောင်လင်း(၂၃)နှစ်၊ ဇင်မင်းထက်(၁၈)နှစ်၊ မင်းဟိန်းခန့် (၁၉)နှစ်၊ ဆုမြတ်ထွေး (၂၃)နှစ်၊ ဇင်ကိုဟိန်း (၂၇)နှစ်၊ ရဲလင်းအောင် (၃၇)နှစ်၊ ဖန်မှူးအိမ် (၁၇)နှစ်တို့ ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။















