တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၀
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ
နေပြည်တော်၊ ဇူလိုင် - ၂၀
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူဖြစ်စေရန်အတွက် Mask များဖြန့် ဝေလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၀
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ တို့ရှိ လူစည်ကားရာ ဘုရားစေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်း များနှင့်အတူ Mask ၃၄၀၀ ခုတို့ကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၂၀
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့် အောက်ဆီဂျင်လုံလောက်စွာ ရရှိပြီး ပြတ်တောက်မှု မရှိစေရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
နေပြည်တော်၊ ဇူလိုင်- ၁၉
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးစီးကျင်းပသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးနှင့် အောက်ဆီဂျင်လုံလောက်စွာရရှိပြီး ပြတ်တောက်မှု မရှိစေရေး ညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှ နှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများ၊ အောက်ဆီဂျင်ထုတ်လုပ် ဖြန့်ဖြူးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ အောက်ဆီဂျင်ကျွမ်းကျင် သူ နည်းစနစ်ပညာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာ ကော်မတီများမှ တာဝန် ရှိသူများက လုပ်ငန်းများအလိုက် အသီးသီးဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး စီမံအုပ် ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူး တို့က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဇူလိုင် ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား Video Conferencing စနစ်ဖြင့် အစည်းအဝေးပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးဆိုင်ရာ လုပ်ငန်းရပ်များကို ဆွေးနွေးမှာကြား ခဲ့ပါသည်။
နေပြည်တော်၊ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နေပြည်တော်၊ ဇူလိုင်- ၁၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဆောင်ရွက်ပေးလျက်ရှိသည့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ယနေ့ နေ့လယ်ပိုင်းတွင် လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်၌ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
နေပြည်တော်၊ ဇူလိုင် - ၁၉
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
နေပြည်တော်၊ ဇူလိုင် - ၁၉
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။