နေပြည်တော်၊ ဒီဇင်ဘာ - ၁၇
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏ ဩဇာခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့ထောက်ခံအားပေးသည့် ပါတီ၏ ဥပဒေမဲ့လုပ်ရပ် များကို မျက်ကွယ်ပြု၍ ၎င်းတို့ပါတီအား ထောက်ခံခြင်းမပြုသည့် အပြစ်မဲ့ပြည်သူလူထုများအား အကြမ်းဖက်သတ်ဖြတ်ခြင်း၊ နေအိမ်အဆောက်အဦများ အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း စသည်တို့ကို ဆင်ခြင်တုံ တရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် ငါနှင့်မတူ ငါ့ရန်သူဟု သဘောထားပြီး ရိုးသားသည့် တိုင်းရင်းသားမျိုးနွယ်စုများကိုပါ ပစ်မှတ် ထား၍ သတ်ဖြတ်မှုများကို လုပ်ဆောင်လာခဲ့ရာ ဒီဇင်ဘာ ၁၆ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကနောင်ကျေးရွာမှ ရိုးသားစွာနေထိုင်ကြသည့် ခူမီးလူမျိုးများအား PDF အမည်ခံအကြမ်းဖက်သမားများက လာရောက်ဖမ်းဆီး ခေါ်ဆောင်ပြီး အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ပလက်ဝမြို့နယ်၊ ကနောင်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက် သမားများသည် ဒီဇင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်တွင် လက်နက်ကြီး/ လက်နက်ငယ်များ ကိုင်ဆောင်၍ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာနေ အကြီးတန်းအင်ဂျင်နီယာ ၁ ဦးဖြစ်သည့် ဦးနေလင်းဦး နှင့် ခူမီး လူမျိုးများဖြစ်ကြသည့် ဦးဝါယောင်း အပါအဝင် ၆ ဦး၊ စုစုပေါင်း ၇ ဦးတို့အား လက်ပြန်ကြိုးတုတ် ရိုက်နှက်ကာ ကျေးရွာ၏ မြောက်ဘက် ၁ ဖာလုံခန့်အကွာသို့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်၍ လက်နက်ငယ်များဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ဦးနေလင်းဦး အပါအဝင် ကျေးရွာသား ၆ ဦး သေဆုံးခဲ့ပြီး ဦးဝါယောင်း သည် လက်နက်ငယ်ထိမှန်ဒဏ်ရာများဖြင့် ယနေ့နံနက် ၄ နာရီခန့်တွင် ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသဖြင့် ဆမီးမြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူ များအား အကြောင်းမဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။