နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ
(Mini Gems Emporium) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာ ၁၇
၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှုဗီဒီယိုမှတ်တမ်းအား ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပြပွဲ၌ရောင်းချရန် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲများနှင့် ပုလဲအတွဲများအား လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယနေ့ပြုလုပ်သည့် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) တွင် ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၇၈၀ တို့အား ပြသသွားမည်ဖြစ်ပြီး ပုလဲအတွဲများအား ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲများအား ၂၀ ရက်မှ ၂၂ ရက်နေ့အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း အသီးသီးရောင်းချပေးသွားမည်ပြီး ပုလဲအတွဲ များ နှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) အား ကိုဗစ်-၁၉ စည်းကမ်းများ နှင့်အညီ ကျင်းပပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။