သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်
နေပြည်တော်၊ ဒီဇင်ဘာ - ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၄၀ လုံးထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး စက်ရုံလည်ပတ်မှုအခြေအနေများကို လှည့်လည် ကြည့်ရှုကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က သာပေါင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသောကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Oxygen Concentrator ၂ လုံး၊ အောက်ဆီဂျင် ၄၀ လီတာဝင်အိုး ၅ လုံးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။