စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာအတွင်း အကြမ်းဖက်သူများ မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခြင်းများ ဆောင်ရွက် 

Tuesday, December 21, 2021 - 10:00

 

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

               စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာ၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ရောက်ရှိနေသည့် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်းရောက်သမားများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အစည်းအဝေးပြုလုပ်ရန် စုဝေးနေကြောင်းကို ကျေးရွာသူ၊ ကျေးရွာသားအချို့က လျှို့ဝှက် သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့စဉ် အကြမ်းဖက်သမား ဦးအား အသေဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းကို သတင်းထုတ် ပြန်ခဲ့ပြီးဖြစ်သည်။

            အဆိုပါကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူများဆုတ်ခွာထွက်ပြေးစဉ် မီးရှို့ဖျက်ဆီး ခဲ့သော နေအိမ် လုံးနှင့် အကြမ်းဖက်သူများက နေအိမ်များကိုအကာကွယ်ပြု၍ ပစ်ခတ်ခဲ့မှုကြောင့် လက်နက်ငယ်ထိမှန်ခဲ့သော နေအိမ်အချို့အားတွေ့ရှိရပြီး ၎င်းနေအိမ်များအတွင်း၌ သေဆုံးလျက်ရှိသော အကြမ်းဖက်သမား ဦး၏ အလောင်း အား လက်လုပ်လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းတို့နှင့်အတူ ထပ်မံသိမ်းဆည်း ရရှိခဲ့သည်။

               လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သူများမီးရှို့ခဲ့မှုကြောင့် မီးလောင် ကျွမ်းလျက်ရှိသောနေအိမ်များအား မီးငြိမ်းသတ်ခြင်းများဆောင်ရွက်ခဲ့ပြီး ကျေးရွာသူ၊  ကျေးရွာသားများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး လုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။