တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၆)တို့မှ သင်တန်းဆင်းသင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်း အခမ်းအနားကျင်းပ နေပြည်တော

Monday, December 27, 2021 - 13:45

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၁၉)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်()တို့မှ သင်တန်းဆင်းသင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ၂၇

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၁၉) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆)တို့မှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနှင့် တပ်မတော်အရာရှိကြီး များ၊ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့ သည် စင်မြင့်ထက်၌နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက ကျောင်းဆင်း သင်တန်းသား၊ သင်တန်းသူတစ်ဦးချင်းစီအား ဆေးဝန်ထမ်း တာဝန် ခန့်အပ်လွှာပေးအပ်သည်။

          ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။