(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်တွင် ကျရောက်သည့် (၄၇)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဉတ္တမခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ဒေါ်အေးနုစိန်၊ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများဖြစ် ကြသည့် ဉီးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဉီးမင်းသိန်းဇံ၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဉီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြ သည်။
























































