news

 

နေပြည်တော်၊ စက်တင်ဘာ ၁၄

         တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး လိုအပ် ချက်အရ နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန်ယူထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်သဖြင့် စည်းကမ်းသေဝပ်၍ အမိန့် နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ကြစေလိုကြောင်းနှင့် မိမိတို့တာဝန် ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်၏ အကျိုးစီးပွားကို ကောင်းမွန် တိုးတက်အောင် မိမိတို့ တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်း နေထိုင်ကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများ၊ ကထိက အရာရှိကြီးများ၊ ပါရဂူဆေးမှူးများ၊ ဆရာ၊ ဆရာမများ၊ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစု များအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

 

နေပြည်တော်၊ စက်တင်ဘာ ၁၄

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် ၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) စစ်လက်ရုံးရွေးချယ် ပွဲသို့ ဆက်လက်တက်ရောက်စိစစ်ရွေးချယ်သည်။

 

 

နေပြည်တော်၊ စက်တင်ဘာ - ၁၄

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁၄

         ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၁ ခုမှ အိမ်သုံးဆေးဝါး ၁၃၈ မျိုးကို ရောင်းချ ပေးလျက်ရှိပြီး ငွေကျပ် ၈ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချ ခဲ့သည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁၄

         ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာများနှင့် သက်ဆိုင် သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁၄

         ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၃ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၂၅ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၀ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၀၁ ဦး၊ စုစုပေါင်း ၂၀၇ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁၄

         တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁၄

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁၄

         အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၊ CRPH ၊ PDF အဖွဲ့များသည် တရားဉပဒေ စိုးမိုးရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့်  အုပ်စုဖွဲ့အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာ ၁၁ ရက်  ည ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက်ပြုတ်ကျေးရွာ သို့  အကြမ်းဖက်သူ အင်အား ၅၀ ဦးခန့်က တူမီးသေနတ်နှင့် လက်လုပ်သေနတ်များ  ဖြင့် ဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁၄

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရ မည့်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများ၌ တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက် အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိတိုးချဲ့ကာကွယ်ဆေးသိုလှောင်ခန်းတွင်ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။