ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၁ / ၂၀၂၂
၁၃၈၃ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အကျိုးသက်ရောက်စေရမည်။
၃။ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(င)ကို အောက်ပါ အတိုင်း အစားထိုးရမည်-
“( င) ပုဒ်မခွဲ(ဃ)နှင့် ပုဒ်မခွဲ(င-၁)ပါ ဝန်ဆောင်မှု လုပ်ငန်းများမှတစ်ပါး ပြည်တွင်း၌ ဆောင်ရွက်သည့် အခြားဝန်ဆောင်မှုလုပ်ငန်းများမှ ရငွေအပေါ်တွင် ငါးရာခိုင် နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။”
၄။ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(င)၏ နောက်တွင် ပုဒ်မခွဲ(င-၁)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“( င-၁) (၁) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ဆင်းကတ် (SIM card) ရောင်းချမှုနှင့် ဆင်းကတ်ကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက် ပေးသည့် ဝန်ဆောင်မှု (SIM card Activation) အပေါ် ဆင်းကတ် တစ်ကတ်လျှင် ကျပ်နှစ်သောင်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် တစ်ကြိမ်တည်း ကျသင့်စေရမည်။
(၂) အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းမှ ရငွေအပေါ် တစ်ဆယ့်ငါးရာခိုင်နှုန်း ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။”
၅။ ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)ပါ ဇယားကို အောက်ပါအတိုင်း အစားထိုးရမည်-
စဉ် |
ဝင်ငွေ(ကျပ်) |
ဝင်ငွေခွန်နှုန်း |
|
မှ |
ထိ |
||
၁ |
၁ |
၃၀၀,၀၀၀,၀၀၀ |
၃ ရာခိုင်နှုန်း |
၂ |
၃၀၀,၀၀၀,၀၀၁ |
၆၀၀,၀၀၀,၀၀၀ |
၅ ရာခိုင်နှုန်း |
၃ |
၆၀၀,၀၀၀,၀၀၁ |
၁,၀၀၀,၀၀၀,၀၀၀ |
၁၀ ရာခိုင်နှုန်း |
၄ |
၁,၀၀၀,၀၀၀,၀၀၁ |
၃,၀၀၀,၀၀၀,၀၀၀ |
၁၅ ရာခိုင်နှုန်း |
၅ |
၃,၀၀၀,၀၀၀,၀၀၁ နှင့်အထက် |
၃၀ ရာခိုင်နှုန်း |
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်-
(ပုံ)မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ