တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများ ယနေ့တွင်စတင် ဖွင့်လှစ်
နေပြည်တော်၊ ဇန်နဝါရီ - ၆
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်လာနိုင်သည်နှင့်အမျှ ကျောင်း သား၊ ကျောင်းသူများ သင်ယူမှုအဆက်မပြတ်စေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်း များကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ထိုသို့ဖွင့်လှစ်ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များ အတွက် ဉပဒေပညာ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)၊ ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ဂုဏ်ထူးတန်း တတိယနှစ်(ပထမနှစ်ဝက်)၊ မဟာအရည်အချင်းစစ် သင်တန်း(ပထမနှစ်ဝက်)၊ မဟာဘွဲ့သင်တန်း ပထမနှစ်(ပထမနှစ်ဝက်)နှင့် မဟာဘွဲ့ သင်တန်း ဒုတိယနှစ်(ပထမနှစ်ဝက်)ဘွဲ့ သင်တန်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တက်ရောက်ပညာသင် ကြားလျက်ရှိကြောင်း သတင်းရရှိသည်။