news

ဒေးဒရဲမြို့မြို့နယ်၊ လေးမျက်နှာမြို့တို့ရှိပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများသို့ အောက်ဆီဂျင်အိုးများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ နှင့် အလှူငွေများလှူဒါန်း၊ လပွတ္တာမြို့၊မြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက် တပ်ဆင်နေမှု အခြေအနေများအားကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့မြို့နယ်ပြည်သူ့ဆေးရုံသို့  Oxygen  Concentrator ၂ လုံး၊ PPE ဝတ်စုံ ၁၀၀ စုံ၊ Mask ၆၀၀၀ ခု၊ အလှူငွေ ၅ သိန်းကျပ် အားလည်းကောင်း၊ လေးမျက်နှာမြို့ရှိပြည်သူ့ဆေးရုံနှင့် အိုင်သပြုတိုက်နယ်ဆေးရုံ များရှိ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများအားလည်းကောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက အသီးသီး သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက် အကူပြုပစ္စည်း များနှင့် အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၁    

          ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက်လှူဒါန်းလျက်ရှိသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁၁

         တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်း မှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ စားရေးအဆင်ပြေစေရေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉနှင့် အခြေခံစားသောက်ကုန် များအား ရောင်းချပေးလျက်ရှိသည်။

 

နေပြည်တော်၊ စက်တင်ဘာ - ၁၁

         တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၁ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့မှ မြစ်သာမြစ်ကူး ကြိုးတံတားအား မိုင်းခွဲဖျက်ဆီး

နေပြည်တော်၊ စက်တင်ဘာ ၁၁

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့မှ ဒေသတွင်း လမ်းပန်း ဆက်သွယ်မှု ခက်ခဲကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ ကျေးရွာအုပ်စုချင်းဆက်သွယ်ထားသည့် မြစ်သာမြစ်ကူး ကြိုးတံတားအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။