တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းတို့၌ တက်ရောက်ဆေးကုသမှုခံယူနေသူများ အား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ စက်တင်ဘာ - ၁၇
တပ်မတော်ဆေးရုံများနှင့် ဆေးတပ်ရင်းတို့၌ တက်ရောက်ဆေးကုသမှုခံယူနေသူများ အား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ စက်တင်ဘာ - ၁၇
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ စက်တင်ဘာ - ၁၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာ၌ ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့တွင် တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၁၇
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၁ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသည့် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၀ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၈ ဦးတို့ကို အသီးသီး လက်ခံခဲ့ကြသည်။
ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်
နေပြည်တော်၊ စက်တင်ဘာ - ၁၇
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
နေပြည်တော်၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ပြင်ဦးလွင်မြို့နယ် ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ ဆင်လမ်းရေလှောင်တမံနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ဆင်လမ်းရေလှောင်တမံနှင့် အမျိုးသားကန်တော်ကြီးဥယျာဉ် တို့ကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၁၆
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁၅ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၂၈ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသည့် အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း ၅၄ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၂၉ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင် ရောက်လာသည့် အမျိုးသား ၁၄၅ ဦး၊ အမျိုးသမီး ၅၃ ဦး၊ စုစုပေါင်း ၁၉၈ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။
လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရှိ Mytel တာဝါတိုင်အား မီးရှို့ဖျက်ဆီးသူများ အား ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ - ၁၆
ပြည်သူများအကြား တယ်လီဖုန်းဆက်သွယ်မှုနှင့် သတင်းအချက်အလက် စီးဆင်းမှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေး အထောက်အကူပြုနိုင်ရန်အတွက် တပ်ဆင်တည်ဆောက်ထားရှိသည့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး တာဝါတိုင်များအား နိုင်ငံအတွင်း ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်းအေးချမ်းမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများဖြင့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိ သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက် ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ် အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၁၆
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၁ ခုမှ အိမ်သုံးဆေးဝါး ၁၃၈ မျိုးကို ရောင်းချ ပေးလျက်ရှိပြီး ငွေကျပ် ၇ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချ ခဲ့သည်။