နေပြည်တော်၊ ဇန်နဝါရီ - ၁၀
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်ရီ၊ ဦးစောထွန်းအောင်မြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက နိုင်ငံတော်အလံအား အလေးပြုကြ သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ ဂုဏ်ပြုသဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ဖတ်ကြားသည်။ ဆက်လက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ကချင်ပြည်နယ်နေ့ မိန့်ခွန်းပြောကြားခဲ့ပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်၌ ကချင်ရိုးရာ မနောပွဲ တော်အား ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများက ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး များသည် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာများမှ ဖွင့်လှစ်သည့် ပြခန်းများ နှင့် အရောင်းပြခန်းများကို အသီးသီးလိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် မြန်မာ့ရိုးရာသိုင်းဆပ်ကော်မတီတို့မှ ပူးပေါင်းကျင်းပသည့် မြန်မာ့ရိုးရာသိုင်းအခြေခံသင် တန်းဆင်းပွဲအခမ်းအနားသို့ သွားရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များနှင့် ပြည်ထောင်စုဝန်ကြီးများက သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက သရုပ်ပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍နေ့လယ်ပိုင်းတွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာ ရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုပထမအဆင့်(၈)ဦး၊ ဒုတိယအဆင့်(၁၆)ဦး၊ တတိယအဆင့်(၂၂)ဦး၊ စီးပွားရေးဆိုင်ရာထူးချွန်ဆု ဒုတိယအဆင့်(၅)ဦး၊ တတိယ အဆင့်(၁)ဦး၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု ပထမအဆင့် (၆)ဦး၊ ဒုတိယအဆင့်(၁၁)ဦး၊ တတိယအဆင့်(၉)ဦးနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိသူ(၁၉၃)ဦး၊ စုစုပေါင်း(၂၇၁)ဦးတို့အား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာ များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၊ မြစ်ကြီးနားမြို့ရှိ လောက မာရ်အောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် အောင်တော်မူသကျမာရဇိန် အံတော် ရှင် စေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သတင်း ရရှိသည်။