နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့၊ မြို့နယ်စည်ပင်သာယာရေးရုံးအရှေ့၌ အကြမ်းဖက်သမားတစ်ဦးက လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံး
နေပြည်တော်၊ ဇန်နဝါရီ ၉
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့၊ မြို့နယ်စည်ပင်သာယာရေးရုံးအရှေ့၌ အကြမ်းဖက်သမားတစ်ဦး လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ပြီး ၎င်းထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်ဝါရီလ ၉ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် တပ်ကုန်းမြို့၊ မြဝတီရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးရုံးအရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါစည်ပင်ရုံးအရှေ့နှင့် ရန်ကုန်-မန္တလေးကားလမ်းမကြီး (လမ်းဟောင်း)အကြားတွင် အမျိုးသားတစ်ဦးအား ၎င်း၏လက်နှစ်ဖက်ရှိ လက်ချောင်းများ ပြတ်ကာ မျက်နှာ၌ မိုင်းစထိမှန်ဒဏ်ရာများဖြင့် တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအမျိုးသား အား ဆေးကုမှုခံယူနိုင်ရေး တပ်ကုန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည့် စည်ပင်ရုံး ပတ်ဝန်းကျင်အား လိုက်လံစစ် ဆေးခဲ့ရာ စည်ပင်ရုံး ဝင်ပေါက်ယာဘက်ခြမ်း ပန်းခြုံအတွင်းမှ ကီးပက်ဖုန်း ၁ လုံး၊ ဓါတ်ခဲ ၃ လုံး၊ ဒီတိုနေတာ ၁ ခု၊ အားမြှင့်ယမ်းကြိုး ၁ ချောင်းတို့ဖြင့် ချိတ်ဆက် ထားပြီး PVC ပိုက်ဖြင့် ပြုလုပ် ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံးအား ထောင်ထားသည်ကို တွေ့ရှိရသဖြင့် သက်မဲ့ပြု လုပ်သိမ်းဆည်းခဲ့သည်။
ထိုကဲ့သို့ မြို့နယ်စည်ပင်ရုံးအား လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့သည့် အကြမ်းဖက်သမားနှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ထားရှိပြီး ဖြစ်စဉ်တွင် ပူးပေါင်းပတ်သက်သူများအား ဖော်ထုတ်အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။