တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားအချို့အား ဖမ်းဆီးရမိ
နေပြည်တော်၊ ဇန်နဝါရီ - ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းနီကယ်စက်ရုံ သို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များအား ဇန်နဝါရီ ၇ ရက်နေ့တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား များက အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက် ၉ နာရီခန့်တွင် သံခြေတောင်ကျေးရွာလမ်းဆုံနေရာ၌ PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၃ ဦးအား လက်လုပ်သေနတ် ၂ လက်၊ တူမီးသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက် ရာတွင် ဆက်စပ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ အသေဖမ်းဆီး ရမိခဲ့သည်။
ဖော်ထုတ်စစ်ဆေးချက်များအရ အဆိုပါ သေဆုံးခဲ့သည့် အကြမ်းဖက်သမား များမှာ ဇန်နဝါရီ ၇ ရက်တွင် ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်တာဝါတိုင်များအား မိုင်းထောင်ဖောက်ခွဲမှု ဖြစ်စဉ် တွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားများဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများ အား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဖော်ထုတ်လျက်ရှိ ကြောင်း သတင်းရရှိသည်။