မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ဖွင့်ပွဲ၊ ဩဝါဒခံယူပွဲနှင့် ကျောင်းသူသစ် ကြိုဆိုပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊ ဇွန် - ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ဖွင့်ပွဲ၊ ဩဝါဒခံယူပွဲနှင့် ကျောင်းသူသစ် ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်ရာ နိုင်ငံတော်ပရိ ယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး)နှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ တက္ကသိုလ်များ၏ ဒုတိယအဓိပတိ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်ချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သန်လျင်မင်းကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
news
COVID-19 ပိုးတွေ့လူနာများ ထားရှိရန် ကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှု
နေပြည်တော်၊ ဇွန် - ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ COVID-19 ပိုးတွေ့လူနာများ ထားရှိရေး ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဟိုပင်မြို့၊ အင်းလေးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အကြမ်း ဖက်သူများကမီးရှို့
နေပြည်တော်၊ ဇွန် - ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသား၊ ကျောင်းသူများပညာ တတ်မြောက်ရေးနှင့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအား ရှေးရှု၍ စာသင်ကျောင်းများအား COVID-19 စည်းမျည်းစည်းကမ်းများနှင့်အညီ ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်သင်ကြား စေလျက်ရှိရာ အကြမ်းဖက်မှုကို လိုလားပြီး အဖျက်အမှောက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့်လုပ်ဆောင်နေသည့် NLD ပါတီနှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ် နေသည့် အကြမ်းဖက်သောင်းကျန်းသူများက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အေးချမ်းစွာ ပညာသင်ကြားနေမှုအပေါ် ခြိမ်းခြောက် အကြပ် ကိုင်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ကန့်ကွက်စာများ ရေးသားခြင်းတို့ကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ဒေးဒရဲမြို့နယ်အတွင်း လေြပင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဇွန် - ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်း ဇွန် ၁၆ ရက်ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဉတိုကျေးရွာအုပ်စုရှိ ချောင်းဝကျေးရွာနှင့် ကျိုက်လတ် ကလေးကျေးရွာတို့ရှိ လူနေအိမ် ၅၀ လုံး အမိုးလန်ပျက်စီးခြင်းနှင့် ပြိုလဲပျက်စီးခြင်း များဖြစ်ပေါ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ခဲ့သည့် ဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ၊ ပတ်သက်ဆက်နွယ်သူတို့၏ ဝန်ခံပြောကြားချက်နှင့် ရွာခံသက်ကြီး အဖွား ၂ ဦး အား ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တို့၏ ပြောကြားချက်များ
နေပြည်တော်၊ ဇွန် ၁၈
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်လုပ်သေနတ်များပြုလုပ်ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စဉ် ကျေးရွာအနီးအရောက်၌ လက်နက်ကိုင်အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက် ခဲ့သူများနှင့် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ မြေကြမ်းတောကျေးရွာအုပ်စု၊ ဂျုပ်ချောင်းလေးကျေးရွာတွင် ပေါက်မြို့နယ်၊ ကင်းမကျေးရွာမှ သေနတ် ထိမှန်ဒဏ်ရာရရှိခဲ့သူ ၁ ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စိစစ်ခဲ့ရာ အဆိုပါ ကျေးရွာရှိ သန်းထိုက်(၃၃)နှစ် (ဘ)ဦးသာဇံ၏နေအိမ်၌ ချစ်မောင်မောင်(၂၂)နှစ် (ဘ)ဦးမောင်ဦး၊ ချောင်းဆုံကျေးရွာ၊ ကင်းမကျေးရွာအုပ်စု၊ ပေါက်မြို့နယ်နေသူ အား ဝဲဘက်ဒူးခေါင်းတွင်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက် အရ ပါဝင်ပတ်သက်သူ စိုးဝင်းကျော်(၃၆)နှစ် (ဘ)ဦးကြည်မောင်အား ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက် နေသူအား ထပ်မံဖမ်းဆီးရမိခဲ့သည်။
မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်
နေပြည်တော်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တို့၌ နေအိမ် ၁ လုံးနှင့် ၁၂ ဘီးကုန်တင်တွဲယာဉ် ၁ စီးတို့အား ဆူပူအကြမ်းဖက်သူများနှင့် KIA အဖွဲ့ က မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တို့၌ နေအိမ် ၁ လုံးနှင့် ၁၂ ဘီးကုန်တင်တွဲယာဉ် ၁ စီးတို့အား ဆူပူအကြမ်းဖက်သူများနှင့် လက်နက်ကိုင် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုံပါကျေးရွာနေ သူရဇော်(၂၇)နှစ် (ဘ)ဦးမိုး၏နေအိမ်အား အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာသူ၊ ကျေးရွာသား များမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၃၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား စိုက်ပျိုးပေး
နေပြည်တော် ဇွန် ၁၈
၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက် ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တာ်-တပ်ကုန်း အမှတ်(၁)လမ်းဘေးရှိ ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုး ပေးသည်။
အခမ်းအနားသို့ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဦးရွှေကြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လူမှုကွန်ယက်ပေါ်ရှိ သတင်းတု၊ သတင်းမှားများကို မယုံကြည်မိစေရန် မိဘပြည်သူများအား အသိပေးထုတ်ပြန်ချက်
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့အစည်းများ၊ အစွန်းရောက် NLD ပါတီဝင်များနှင့် ဝန်းရံထောက်ခံသူများက လူမှုကွန်ယက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ၊ ကောလာဟလများ လုပ်ကြံဖန်တီး၍ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှု များပြုလုပ်လျက်ရှိပြီး ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခြင်းနှင့် အခြားသူများကျူးလွန်ရန် ထပ်ဆင့်လှုံ့ဆော်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။




