အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် မင်းကင်းမြို့နယ်၊ ဇနဗျင်းကျေးရွာရှိ ကလေးငယ် ၁ ဦး သေဆုံး

Wednesday, January 12, 2022 - 15:30

 

နေပြည်တော်၊ ဇန်နဝါရီ - ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ဇနဗျင်းကျေးရွာအဝင်သို့ ရောက်ရှိစဉ် အကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်သမားများသည် မြောက်ဘက်သို့ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ ရာ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အသက် ၁၀ နှစ် အရွယ် မောင်အောင်ကျော်ဟိန်း ကို အဆိုပါကျေးရွာရှိ နေအိမ် ၁ လုံး အတွင်း၌ တွေ့ရှိခဲ့သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။