မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကာ အနေကဇာတင် မဟာမင်္ဂလာ နှင့် သဒ္ဓမ္မဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချလှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများ ကျင်းပ
နေပြည်တော် ဇွန် - ၂၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ ရွှေတိဂုံစေတီတော်ပုံတူတော်မြတ်အား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီး တော်တင်လှူပူဇော်ခြင်းနှင့် သဒ္ဓမ္မ ဇောတိက သိမ်တော်မြတ်အား ရေစက်သွန်းချ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားများကို ဒေသစံတော်ချိန် ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ် ရာ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ အမှူးပြုသည့် ဆရာတော်၊သံဃာတော်များကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ၊ ဗုဒ္ဓဘာသာဝင် ရုရှား နိုင်ငံသားများ တက်ရောက်ကြည်ညိုကြသည်။