နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားကျင်းပ
လွိုင်ကော် ဇန်နဝါရီ ၁၅
နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်အနားကို ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော် မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်နှင့် ဦးရွှေ ကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမောင် မောင်အုန်းနှင့် ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်သန်းသန်း အေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဒေသခံတိုင်းရင်း သား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင် ကယားမျိုးနွယ်စု (၉) ခုတို့မှ လူမျိုးစုခေါင်း ဆောင်များကနေရာယူကြပြီး တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ နှစ် (၇၀) ပြည့် ကယားပြည် နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် စောဒန်နီယယ် က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး က ကယား ပြည်နယ်နေ့ မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍတို့တွင် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများမှ ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူ ၅၃ ဦး အနက် စီမံခန့်ခွဲ ရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) ရရှိသူ ကယားပြည်နယ်အစိုးအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော် အား လည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) ရရှိသူ လွိုင်ကော်မြို့နယ်စည် ပင်သာယ ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင် အား လည်းကောင်း ၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) ရရှိကြသူ အားကစားနှင့် ကာယပညာ သိပ္ပံ (လွိုင်ကော်) ကျောင်း အုပ်ကြီး ဒေါ်စိုးစိုးမြာနှင့် ပြည်နယ်ဥပဒေအထောက်အကူပြု ကော်မတီဝင် ဦးအဲလ်ဘက် တို့အား လည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိသူ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှုရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်း တန် အား လည်းကောင်း၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိကြသူ ပြည်နယ် ရဲတပ်ဖွဲ့ ရုံးမှ ဒုတိယရဲအုပ် ချစ်ဆွေ၊ ဒုတိယရဲအုပ် ခင်မြင့်နှင့် ရဲတပ်ကြပ်ကြီး စိုးမင်းထွေး တို့အားလည်းကောင်း ဂုဏ်ထူးဆောင်ဆုတံဆိပ် များနှင့် ထူးချွန်မှုဂုဏ်ထူးဆောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကယားပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် DVB - T2 Set Top Box အလုံး ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ တပ်ရင်း၊ တပ်ဖွဲ့များကိုယ်စား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင် က လည်းကောင်း၊ နိုင်ငံဝန်ထမ်းများ ကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်စိုးစိုးထွန်း က လည်းကောင်း လက်ခံ ရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သဘာပတိအဖွဲ့ဝင် ကယားမျိုးနွယ်စု (၉) ခုတို့မှ လူမျိုးစု ခေါင်းဆောင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီး များသည် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူတို့ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
နှစ်(၇၀) ပြည့် ကယားပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြည်နယ်အတွင်း စီမံခန့်ခွဲ ရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍတို့တွင် စွမ်းစွမ်းတမံတာဝန်ထမ်း ဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများမှ ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူ ၅၃ ဦး အနက် ၈ ဦး အား ဂုဏ်ထူးဆောင်ဆုတံဆိပ်များနှင့် ထူးချွန်မှုဂုဏ်ထူးဆောင်လက်မှတ်များကို ပေးအပ်ချီး မြှင့်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူများကိုလည်း အခမ်းအနား ပြုလုပ်၍ ဆက်လက်ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းသိရသည်။ (သတင်းစဉ်)