နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာ ၄
၂၀၂၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေ ဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို စာဆိုတော်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုများချီးမြှင့်ပေးအပ် သည်။