news

မြို့နယ်အချို့၌ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ချောင်းမြောင်းပစ်ခတ်

နေပြည်တော်၊ ဇူလိုင် ၂

            တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများဖွင့်လှစ်ကာ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက် နေသည့် ခင်ကျော်(UNRA)နှင့် ကိုကိုနိုင်(ခ)ဒေါနအပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် - ၂
    ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား  ထောက်ခံအားပေးသူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ အပါအဝင် အစိုးရပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မိဘရိပ် သစ်ဆိုင် အတွင်းသို့ ဝင်ရောက်၍ ရွှေထည်ပစ္စည်းများ၊ ငွေသားများအား ယူဆောင်၍ မော်တော်ယာဉ်များအား မီးရှို့ ဖျက်ဆီးခဲ့သူများအား

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဇူလိုင် ၁

            စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ကိုင်အကြမ်းဖက်သူများက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မင်းကင်းမြို့နယ်၊ ဖက်ခတ် ကျေးရွာတွင် လုံခြုံရေးအခြေပြုထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် နယ်မြေ အေးချမ်းရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် ဖက်ခတ်ကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့် အကွာရှိ တောင်ပေါ်အရောက်၌ တူမီးသေနတ်များ ကိုင်ဆောင်ထားသည့် လက်နက်ကိုင် အကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်မှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် လက်နက်ကိုင်အကြမ်းဖက်သူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

            ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကိုင်အကြမ်းဖက်သူများ ပစ်ခတ် တိုက်ခိုက်ခဲ့သည့် နေရာတဝိုက်အား သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သူများကိုင်ဆောင် အသုံးပြုခဲ့သည့် တူမီးသေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ ဇူလိုင် ၁

            နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအား ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

            ဇွန် ၃၀ ရက် ည ၈ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့ဟောင်း အလယ်ရပ်ကွက်၊ ရှုခင်းသာလမ်း၊ အောင်သုခမီးပွိုင့်အနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်စစ် ပိတ်ဆို့ ဆောင်ရွက်နေစဉ် သန်လျင်မြို့ဘက်မှ မောင်းနှင်လာသည့် အဖြူရောင်ယာဉ်တစ်စီးပေါ်မှ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါယာဉ်မှာ မောင်းနှင်ထွက်ပြေးသွား ခဲ့သဖြင့် ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက်ရှိ အမှတ်(၁)သန်လျင်တံတားထိပ်သို့ သန်လျင်မြို့ဘက်မှ သာကေတမြို့နယ်ဘက်သို့ ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်နေ ဇော်လင်းထွန်း (ခ)စွန်နီး(၃၀)နှစ် (ဘ)ဦးစိုးလွင် မောင်းနှင်ပြီး ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ ပါးပါးလေး (ခ)ရန်နကား(၄၁)နှစ် (ဘ)ဦးရန်မိဆက် လိုက်ပါစီးနင်းလာသော အဆိုပါ ယာဉ်အား ယာဘက်ဘေး၌ ကျည်ဒဏ်ရာ ၂ ချက်နှင့် ယာဉ်နောက်လေကာ မှန်များကွဲကြေနေသည်ကို တွေ့ရှိ၍ ထိန်းသိမ်းကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

လက်လုပ်မိုင်းထောင်ရန်ပြုလုပ်စဉ် နှင့် လက်လုပ်ဗုံးများပြုလုပ်ရာမှ ပေါက်ကွဲမှုများဖြစ်ပွား၍ သေဆုံး၊ ဒဏ်ရာရရှိ

နေပြည်တော်၊ ဇူလိုင် ၁

            မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်၌ လက်လုပ်မိုင်းထောင်ရန်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၆) ရပ်ကွက်နေ ဝင်းကျော်ကျော် (၃၅)နှစ် (ဘ) ဦးကျော်တင့်နှင့် အမျိုးသား ၁ ဦးတို့သည့် အမှတ်(၂) ရပ်ကွက်ရှိ ပြောင်းပြာတံတားအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ Keypad ဖုန်းဖြင့် ချိတ်ဆက် ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံးအားထောင်နေစဉ် လက်လုပ်မိုင်းတစ်လုံးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဝင်းကျော်ကျော်၏ ရင်ဘတ်၊ ယာလက်ဖျံနှင့် ခြေကျင်းဝတ်တို့တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ၎င်းနှင့်အတူ ပါလာသူ အမျိုးသားမှ ဝင်းကျော်ကျော်၏ အလောင်းအား ၎င်း၏နေအိမ်တောင်ဘက်လမ်းပေါ်တွင် ချထားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇွန်  ၃၀
    Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။