ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအားနယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ - ၂၉
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၈ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅၁ ဦး၊ အမျိုးသမီး ၆၃ ဦး၊ စုစုပေါင်း ၁၁၄ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး ၁ ဦးတို့အားလည်းကောင်း အသီးသီး လက်ခံခဲ့ သည်။
















