တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက တိရိစ္ဆာန်ဉယျာဉ်(ရန်ကုန်)သို့ အလှူငွေ နှင့် အစားအစာများ ကျွေးမွေးလှူဒါန်း
နေပြည်တော်၊ အောက်တိုဘာ - ၁၈
ရန်ကုန်းတိုင်းဒေသကြီး၊ တိရိစ္ဆာန်ဉယျာဉ်(ရန်ကုန်)ကို အများပြည်သူများနှင့် ကလေးသူငယ်များ ကြည့်ရှုလေ့လာနိုင်ရန်၊ တိရိစ္ဆန် ချစ်မြတ်နိုးသူများအစား အစာများ ကျွေးမွေးလှူဒါန်းနိုင်ရန်အတွက် ဖွင့်လှစ်ထားရှိလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိခြင်းကြောင့် လာရောက်ကြည့်ရှုသူနည်းပါးပြီး တိရစ္ဆာန်များ အတွက် အစားအစာလုံလောက်မှုတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။













