news

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ အကြမ်းဖက်သူများက ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ ဦးနှင့် ပြည်သူ ဦးအား ဖမ်းဆီးပြီး အုပ်ချုပ်ရေးတာဝန်ရှိသူ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့

နေပြည်တော်၊ ဇွန် ၂၃

            ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ အကြမ်းဖက်သူများက ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ ၃ ဦးနှင့် ပြည်သူ ၁ ဦးအား ဖမ်းဆီးပြီး အုပ်ချုပ်ရေးတာဝန်ရှိသူ ၁ ဦးအား ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ

မော်စကိုမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် - ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များ သည် ယနေ့တွင် မော်စကိုမြို့ရှိ အထင်ကရနေရာများ၊ ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ လျှပ်စစ်နှင့်စွမ်းအင်ပြတိုက်နှင့် MGIMO ကျောင်းတို့သို့ သွားရောက်ကြည့်ရှု လေ့လာကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။

() ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ(MCIS-2021) ဖွင့်ပွဲ အခမ်းအနားကျင်းပ၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

နေပြည်တော် ဇွန် - ၂၃

()ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) ဖွင့်ပွဲအခမ်းအနားကို ယနေ့ဒေသ စံ တော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ RADISSON Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

 

နေပြည်တော် ဇွန်လ(၂၃)ရက်

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သော ဒေါက်တာအောင်မိုးညို နှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများ ရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်း နှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပါသည်။

 

နေပြည်တော်၊ ဇွန် ၂၃

            တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုး လာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့်   တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်လျက်ရှိသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ ရုရှားနိုင်ငံ၏ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဇွန် - ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များ သည့် ဇွန် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အထင်ကရနေရာများ၊ မော်စကိုမြို့၏ ပို့ဆောင်ရေးစနစ်၊ သမိုင်းယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ များကို လေ့လာကြည့်ရှုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosoboronexport ကုမ္ပဏီနှင့် OSTANKINO Tower သို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် - ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosoboronexport ကုမ္ပဏီသို့ သွားရောက်လေ့လာကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ Russia 24 သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နေပြည်တော် ဇွန် - ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Russia 24 ရုပ်သံ သတင်းဌာန၊ International Review အစီအစဉ်မှ ပင်တိုင်သတင်းတင်ဆက်သူ Mr. Fedor Lukyanov  အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌ တွေ့ဆုံ၍ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားသည်။

ပုသိမ်မြို့နယ်အတွင်း အကြမ်းဖက်သူများအား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရမိ
နေပြည်တော်၊ ဇွန် - ၂၂
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး အတွက် အကြမ်းဖက်လုပ်ဆောင်နေသူများ၊ လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိသည်။

 

နေပြည်တော်၊ ဇွန် ၂၂

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးတို့အား လက်နက်ကိုင် အကြမ်းဖက် PDF အဖွဲ့သို့ ထောက်ပံ့မည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။