နေပြည်တော်၊ နိုဝင်ဘာ-၁၅
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံ များ အားမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကျိုက်မရောမြို့နယ်မှ လုံခြုံရေး ပူးပေါင်းအဖွဲ့သည် ချောင်းနှစ်ခွတံတား၌ ဖြတ်သန်းသွားလာသော ယာဉ်များအား စစ်ဆေးဆောင်ရွက်နေစဉ် ကြာအင်းဆိပ်ကြီး မြို့နယ်ဘက်မှ ကျိုက်မရောမြို့နယ် ဘက်သို့ မောင်းနှင်လာသော Hilux Revo (အနက်ရောင်)လိုင်စင်မဲ့ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ ယာဉ်မှာရပ်တန့်ခြင်း မရှိသောကြောင့် လိုက်လံဖမ်းဆီးစဉ် ကျိုက်မရော မြို့နယ်၊ တောင်ကလေးကျေးရွာအနီး အရောက်၌ ယာဉ်ပေါ်မှ PDF အဖွဲ့ဝင် စောညီညီ (ခ)စောမင်းမင်းဟိန်း(၂၀)နှစ် နှင့် ဇင်ကိုကို(၂၀)နှစ် တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

















