နေပြည်တော်၊ စက်တင်ဘာ - ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံဂိတ်၊ ရန်လုံကျိုင်းတံတား၊ နယ်စပ်ဂိတ်အနီး ယာယီ နယ်စပ်ဂိတ်ဖွင့်လှစ်မည့်နေရာနှင့် Ouarantine Center ဆောင်ရွက်ထားရှိမှုအခြေ အနေများကို စက်တင်ဘာ ၂၁ ရက်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။












