သတင်းထုတ်ပြန်ခြင်း
နေပြည်တော်၊ မတ်လ ၈
နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းသာယာမှုကို ပျက်ပြားစေရေးနည်းမျိုးစုံဖြင့် ဆောင်ရွက် နေကြသော အဖျက်အမှောက်အုပ်စုများအနေဖြင့် နိုင်ငံတော်အစိုးရဆန့်ကျင်ရေးအား နေ့စဉ်နှင့်အမျှ ပုံဖော်ဆောင်ရွက်နေကြရာတွင် အေးချမ်းစွာဆန္ဒပြသည့်ခေါင်းစဉ်မှ ဆူပူအဖျက်အမှောက်ပြုလုပ်ခြင်း၊ ၎င်းမှ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ရပ်များကို လွန်ကဲစွာကျူးလွန်ဆောင်ရွက်ခဲ့ကြသဖြင့် အများပြည်သူ လူထု၏ လိုလားချက်ကိုရှေးရှုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေ့/ညမပြတ် လုံခြုံရေးတာဝန် များ ထမ်းဆောင်လျက်ရှိပါသည်။