ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၂၂)

Friday, January 28, 2022 - 15:00

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ

 

သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၂၂)

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ  ၂၈  ရက်

၁။           ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ဆုံးဖြတ်ချက်အရ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ပေးအပ်နိုင်ရေး အတွက် ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ပူးတွဲ စာရင်းပါ ကုမ္ပဏီ/ လုပ်ငန်း (၁၁၆) ခု သို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်သည်။

 ၂။           ချေးငွေလျှောက်လွှာများကို ဆက်လက် စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်းနှင့် ချေးငွေထုတ်ယူခွင့် ရရှိသူများအနေဖြင့် ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီစိစစ်၍ ချေးငွေ ထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

                                                                                                         

                             ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ