ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN  တို့၏ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးပွဲရလဒ်များအား သတင်းထုတ်ပြန်ချက်ထုတ်ပြန်

Thursday, January 27, 2022 - 14:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN  တို့၏ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးပွဲရလဒ်များအား ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ချက်ထုတ်ပြန်

နေပြည်တော် ဇန်နဝါရီ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN  နှင့် ဇန်နဝါရီ ၂၆ ရက်မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်များနှင့် ပတ်သက်၍  ကမ္ဘောဒီးယား ဘုရင့် နိုင်ငံတော်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အပြည့်အစုံမှာ-

ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်

နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် Videoconference မှတစ်ဆင့်ပြုလုပ်သော ဆွေးနွေးပွဲရလဒ်များ

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင်သွားရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်၏ နောက်ဆက်တွဲအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Videoconfere-nce နည်းဖြင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

Samdech Techo HUN SEN နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ဝန်ကြီးချုပ် ၏ မကြာသေးမီကသွားရောက်ခဲ့သော မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ အာဆီယံ အတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များ အပေါ်အခြေခံသည့် ဘုံသဘောတူညီချက်ငါးရပ်ကို မည်ကဲ့သို့တိုးတက်အကောင် အထည်ဖော်သွားမည်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းအခြေအနေ တိုးတက်စေရေးအတွက် နောက်ထပ်ဆောင်ရွက်ရန် လိုအပ်ချက်များရှိကြောင်း အမြင်ချင်း ဖလှယ်ကြပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူမှုအပေါ် အပြည့်အဝထောက်ခံသည့်အတွက်လည်း ဝန်ကြီးချုပ် Samdech Techo HUN SEN ကကျေးဇူးတင်ကြောင်းပြောပါသည်။ အာဆီယံဥက္ကဋ္ဌ ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း အကြိမ်ကြိမ်ဖြစ် ပေါ်နေ သော ဆူပူအကြမ်းဖက်မှုနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင်း Samdech Techo HUN SEN က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားပြောကြားပြီး အောက်ပါ အချက်လေးချက်ကို တောင်းဆိုခဲ့ပါသည်-

၁။      ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်တွင်ပြုလုပ်သော အာဆီယံခေါင်းဆောင်များ အစည်းအဝေး၌ သဘောတူခဲ့သည့် ဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာနိုင်ငံ အတွင်း ပုံမှန်အခြေအနေဖြစ်ပေါ်စေရေးအတွက် အာဆီယံ၏ဘုံဖြေရှင်းမှုဖြစ်ပါသည်။ ထို့ကြောင့် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးအတွက် အမြဲ မပြတ် ပူးပေါင်းဆောင်ရွက်မှုများက ဦးစား ပေးကိစ္စတစ်ရပ်အဖြစ်ရှိသင့်ပါသည်။

၂။      မြန်မာနိုင်ငံသို့လာရောက်မည့် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ပေးရေးတောင်းဆိုပါသည်။

၃။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအပါအဝင် မြန်မာနိုင်ငံအတွင်းရှိအဖွဲ့အစည်း အားလုံးသည် ဖြစ်ပေါ်နေသောပြဿနာကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် တွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစဉ်တစ်ခုပေါ်ပေါက်လာစေရေးအတွက် အပစ်အခတ်ရပ်စဲရေး ရရှိစေရန် သည်းခံချုပ်ထိန်းမှု၊ ဆူပူအကြမ်းဖက်မှုကိုရပ်စဲမှုနှင့် ကြိုးပမ်းအားထုတ်မှု တို့ကို အစွမ်းကုန်ကျင့်သုံးလုပ်ဆောင်သွားသင့်ပါသည်။

၄။      မြန်မာနိုင်ငံအတွင်းရှိ ကူညီထောက်ပံ့မှုများအများဆုံးလိုအပ်နေသူများ အားလုံး ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရောက်ရှိစေရေးအတွက် အာဆီယံ၏ ကြိုးပမ်းချက်များကိုကူညီသည့်အနေဖြင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ်တစ်နှစ်တာကို အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် မြန်မာနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် ကတိပြုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ် Samdech Techo HUN SEN အား ထပ်လောင်းအတည်ပြုပါသည်။ ထို့နောက် ဝန်ကြီးချုပ် Samdech Techo HUN SEN နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် အပြန်အလှန်အကျိုးစီးပွားများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားရန် သဘောတူကြပါသည်။

ဖနွမ်းပင်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်