ကျောက်ဆည်မြို့နယ်၊ သင်ပျိုကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ပညာပေးဟောပြောနေသည့် ကျေးရွာအုပ်ချုပ် ရေးမှူးအား အကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်
နေပြည်တော်၊ နိုဝင်ဘာ - ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသံချဲ့စက်ဖြင့် ပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေသည့် သင်ပျိုကျေးရွာ ကျေးရွာအုပ်ချုပ် ရေးမှူးအား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုမလိုလားသည့် အကြမ်းဖက်သမားများက နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။












