ပြည်မြို့၊ သီရိခေတ္တရာမြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေစဉ် အကြမ်းဖက် သမား ၂ ဦးက လက်လုပ်ဗုံးဖြင့် နှောင့်ယှက်တိုက်ခိုက်
နေပြည်တော်၊ စက်တင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဟန့်တားနိုင်ရေးအတွက် ကာကွယ်ဆေးများ ရရှိရေးနှင့် ရောက်ရှိလာသော ကာကွယ် ဆေးများအား ပြည်သူလူထုထံအမြန်ဆုံး ရောက်ရှိထိုးနှံနိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာ NUG ၊ PDF အကြမ်းဖက်လုပ်ရပ်များနှင့် ၎င်းတို့မှ အခကြေးငွေပေးပြီးခိုင်းစေခံရသူများက အဆိုပါကာ ကွယ်ဆေး ထိုးနှံနေသူများကို နှောက်ယှက်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဗုံးခွဲခြင်းများ နေရာအနှံ့ဆောင်ရွက်လျက် ရှိသည်။
















