ဘားအံမြို့နယ်၊ လှာကမြင်ကွက်သစ်၊ ပြည်နယ်စည်ပင်ရုံးဝင်း အတွင်း၌ တည်ဆောက် ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်
နေပြည်တော်၊ ဩဂုတ်- ၁၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင်ကွက်သစ်၊ ပြည်နယ်စည်ပင်ရုံး ဝင်းအတွင်း၌ တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစက်ရုံ၌ ပြုလုပ်ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဇော်မင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
























